Withdrawn Sterling Banknotes (GBP)

အင်္ဂလန်, စကော့တလန်၊ ဝေလ၊ မြောက်အိုင်ယာလန် အစရှိသည့် ယူကေနိုင်ငံများသို့ သွားမည့် ကျောင်းသားနှင့် ဧည့်သည်များ စတာလင်ပေါင် (Sterling Pound GBP) ဝယ်ပါက အထူး သတိပြုရန်။

အင်္ဂလန်ဗဟိုဘဏ်မှ ကြေညာထားပြီး ဆက်လက် အသုံးပြုခွင့်မရှိတော့သည့်  ၅ ကျပ်၊ ၁၀ တန်၊ ၂၀ တန်၊ ၅၀ တန် စသည့် ငွေစက္ကူ အဟောင်းများကို ယူကေတွင် သတ်မှတ်ရက်နောက်ပိုင်း မည်သည့်ဆိုင်မှ လက်မခံပါ။

ကျန်ရှိနေသေးသော ၂၀ တန်နှင့် ၅၀တန် အဟောင်းများကို ၂၀၂၂၊ စက်တင်ဘာ ၃၀ရက်နေ့ နောက်ဆုံး အသုံးပြု (သို့) ဘဏ်ထဲထည့်နိုင်သည်။ ၂၀၂၂၊ အောက်တိုဘာ ၁ ရက်မှ စပြီး စက္ကူသားဖြင့်ထုတ်ထားသည့် မည်သည့် ငွေသားမဆို အသုံးပြုခွင့်မရှိတော့ပဲ ပလက်စတစ်ဖြင့် အသစ်ထုတ်သည့် ငွေသားများသာ တရားဝင် အသုံးပြုခွင့်ရှိမည် ဖြစ်သည်။

လုံးဝပယ်ဖျတ်ခြင်း မဟုတ်၊ မူရင်းတန်ဖိုး မပြောင်းလဲပါ။ အတုအပနှင့် မသမာမှုများကို ဟန့်တားနိုင်ရန် စထုတ်သည့်နေ့မှ ကာလ တခုကြာပြီးတိုင်း လက်ရှိ ငွေစက္ကူကို ရပ်နားပြီး ပုံစံအသစ်၊ ပစ္စည်းအမျိုးအစား အသစ်၊ နည်းပညာ အသစ်များဖြင့် (ဥပမာ စက္ကူမှ ပလက်စတစ်အဖြစ်) အသစ်ထုတ်လေ့ရှိတာကြောင့် အများပြည်သူကြား အသုံးပြုခွင့် ရပ်စဲခြင်း ဖြစ်သည်။ ဘဏ်စာရင်းရှိသူများ မိမိဘဏ်စာရင်းထဲ ထည့်ခွင့်ရှိသည့်တိုင် အရွတ်ရေများပါက မည်သို့ ရရှိသည်၊ မည်သူ့စီကရသည်၊ ဘာအတွက် ရသည် စသည့် စသည့် မေးခွန်းများ မေးမြန်းစစ်ဆေးသောကြောင့် လက်ဝယ်ရှိသူများအတွက် အသုံးပြုရန် ခက်ခဲလာပါသည်။ ဒါကြောင့် သေချာစစ်ဆေးပြီးမှ ဝယ်ယူကြဖို့ အကြံပေးလိုပါသည်။

အောက်ပါပုံများမှာ မကြာမီက ရပ်စဲထားသည့် ငွေစက္ကူ နမူနာများဖြစ်ပါသည်။

 

Withdrawn Banknotes Sample

(Withdrawn Banknotes Samples from Bank of England Website)

လက်ရှိအသုံးပြုနေသော ငွေစက္ကူများကို ဒီမှာကြည့်နိုင်ပါတယ်။
https://www.bankofengland.co.uk/banknotes

လက်ရှိအသုံး မပြုတော့သော ငွေစက္ကူများကို ဒီမှာကြည့်နိုင်ပါတယ်။
https://www.bankofengland.co.uk/banknotes/withdrawn-banknotes

Updated: 23-Jun-2022