One Visa for 29 European Countries

Schengen (ရှန်းကန်) Visa သည် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီမှု ရယူထားသော ဥရောပရှိ နိုင်ငံ ၂၇ နိုင်ငံအတွင်း သွားလာခွင့်ရှိသည့် ဗီဇာ ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် ဥရောပနိုင်ငံ ၅ နိုင်ငံမှ ဦးဆောင်ပြီး လွတ်လပ်စွာ နယ်ခြားဖြတ်သန်းမှုကို သဘောတူညီ ခဲ့ကြသည်။ ထို့နောက် Luxembourg နိုင်ငံရှိ Schengen ဟုခေါ်သည့် ရွာငယ်လေး တွင် သဘောတူညီမှု လက်မှတ်ထိုးခဲ့ကြသဖြင့် Schengen agreement, Schengen visa စသည်ဖြင့် ခေါ်လေ့ရှိသည်။ ယနေ့အခါတွင် ရှန်းကန် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၉ နိုင်ငံအထိရှိသည်။ ဥရောပရှိ နိုင်ငံအားလုံး Schengen အဖွဲ့ဝင် မဟုတ်သော်လည်း ခရီးသွားများ လည်ပါတ်လေ့ရှိသော နိုင်ငံအများစု ဖြစ်သည့် ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျာမနီ စသည့်နိုင်ငံ များသည် ရှန်းကန်အဖွဲ့ဝင် နိုင်ငံများဖြစ်သည်။

schengen area

ဥရောပတိုက်ရှိ (Europe) နိုင်ငံ – ၅၀
ဥရောပသမဂ္ဂ္ဂဝင် (European Union) နိုင်ငံ -၂၈
Schengen အဖွင့်ဝင် (Schengen State) နိုင်ငံ – ၂၉
Norway, Iceland, Switzerland နှင့် Liechtenstein (၄ နိုင်ငံ) သည် ဥရောပသမဂ္ဂ္ဂထဲတွင် မပါဝင်သော်လည်း ရှန်းကန် အဖွဲ့ဝင်ဖြစ်ခြင်းကြောင့် Schengen Visa ဖြင့် ပြည်ဝင်ခွင့် ရှိသည်။

လက်ရှိ ရှန်းကန် အဖွင့်ဝင် (Schengen State) နိုင်ငံ – ၂၉ နိုင်ငံမှာ အောက်ပါအတိုင်းဖြစ်သည်။

  • Austria
  • Belgium
  • Croatia
  • Czech Republic
  • Denmark
  • Estonia
  • Finland
  • France
  • Germany
  • Greece
  • Hungary
  • Iceland
  • Italy
  • Latvia
  • Liechtenstein
  • Lithuania
  • Luxembourg
  • Malta
  • The Netherlands
  • Norway
  • Poland
  • Portugal
  • Slovakia
  • Slovenia
  • Spain
  • Sweden
  • Switzerland
  • Bulgaria (joined 31-Mar-2024)
  • Romania (joined 31-Mar-2024)

မှတ်ချက်။ အထက်ပါ အချက်အလက်များသည် ဗဟုသုတအဖြစ် သိနိုင်ရန် စုဆောင်းတင်ပြဖြင်းသာဖြစ်သည်။ အချက်အလက် မှားယွင်းမှုများရှိပါက တင်ပြသူမှာ တာဝန်မရှိပါ။

Updated: 21-04-2024

Schengen Visa ဘယ်လို လျှောက်မလဲ ဆိုတာကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။