Albania, Bosnia & Herzegovina, Croatia, Kosovo, Macedonia, Montenegro and Serbia

14 Days

အယ်လ်ဘေးနီးယား၊ ဘော့စ်နီးယား ဟာဇီဂိုဗီးနား၊ ကရိုအေးရှား၊ ကိုဆိုဗို၊ မာဆီဒိုးနီးယား၊ မွန်တီနေးဂရိုး၊ ဆားဗီးယား နိုင်ငံများ ပါဝင်သည့်
ဘော်လ်ကန်ကျွန်းဆွယ် ၇ နိုင်ငံ အထူးခရီးစဉ် (၁၄ ရက်)

လည်ပါတ်မည့် နိုင်ငံနှင့် မြို့နေရာများ
ALBANIA: Tirana, Shkodra
BOSNIA & HERZEGOVINA: Safajevo
CROATIA: Dubrovnik
KOSOVO: Prishtina
MACEDONIA: Skopje
MONTENEGRO: Podgorica
SERBIA: Belgrade

✅ The Balkans ကျွန်းဆွယ် ၇ နိုင်ငံ အထူးခရီးစဥ် ဖြစ်ပါတယ်
🔹ဘော်လ်ကန်နိုင်ငံတွေက ဘယ်နားမှာလဲ၊ ဘာကြောင့် သွားလည်ကြမှာလဲ
🔹ပင်လယ်ကြီး ၄ ခု မေးတင်ထားပြီး၊ ဥရောပ၊ အာရှနဲ့ မြောက်အာဖရိက တိုက်ကြီး ၃ ခုရဲ့ ဗဟိုချက်လည်းဖြစ်တယ်။ ယနေ့အခါ ဥရောပတိုက်ထဲမှာ တည်ရှိနေပါတယ်။
🔹ဘော်လ်ကန်ဒေသဟာ အရှေ့နှင့် အနောက် ရောမ အင်ပါယာ အားပြိုင်ကြစဥ်ကလည်း စစ်တလင်းဖြစ်ခဲ့ရတယ်။
🔹ရောမ အင်ပါယာကြီး ပြိုကွဲပြီးနောက် အရှေ့ပိုင်းကနယ်ချဲ့လာတဲ့ အော့တော့မန် အင်ပါယာအောက် ‌ရာစုနှစ်ပေါင်းများစွာ ရောက်ခဲ့ရတယ်။
🔹ဘော်လ်ကန်နိုင်ငံတခုဖြစ်တဲ့ ဘော့စ်နီးယား နိုင်ငံထဲမှာ သြစတြီးယား အိမ်ရှေ့မင်းသားလာရောက်စဥ် လုပ်ကြံမိရာကနေ ပထမကမ္ဘာစစ် စဖြစ်ခဲ့ရတယ်
🔹အိမ်နီးချင်း ဆိုဗီယက်ရှရှားရဲ့ လွှမ်းမိုးမှုကြောင့် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ ကွန်မြူနစ် နိုင်ငံတွေ ဖြစ်လာကြတယ်။
🔹ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး၊ အရှေ့ဥရောပနိုင်ငံများ သီးချားရပ်တည်လာချိန်မှာပဲ ဘော်လ်ကန်ဒေသတွင်းမှာ ကွန်မြူနစ်စနစ်လည်း အာ‌လျော့လာတယ်။
🔹ဘော်လကန်ဒေသတွင်းမှာ ကျန်ရစ်ခဲ့တဲ့ ကွန်မြူနစ်အမွေက ယနေ့ ကမ္ဘာ့အရေး ဒေသတွင်းနိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး အခင်းအကျင်းအပေါ် များစွာ သက်ရောက်မှု ရှိ လျက်ရှိတယ်။
🔹နိုင်ငံရေး လူမှုရေး ပဋိပက္ခ ပေါင်းများစွာရဲ့ ကာလကြာ စစ်ပွဲတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘော်လ်ကန်နိုင်ငံတွေဟာ ယနေ့အခါ အေးချမ်း တိုးတက် ပြီး ခရီးသွားများနဲ့ စည်ကားလျက်ရှိပါတယ်။
🔹မပြီးဆုံးနိုင်တဲ့ စစ်ပွဲတွေနဲ့ သမိုင်းမလှတဲ့ ဘော်လကန်နိုင်ငံထဲမှာပဲ မာသာထရီဇာ လို မေတ္တာရှင် ပရဟိတ သူရဲကောင်းတယောက် မွေးဖွါးခဲ့ပါသေးတယ်။
🔹ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ချာလ်ချီက အခုလို ပြောခဲ့ဘူးတယ် “The Balkans produce more history than they can consume” – Winston Churchill.
🔹ယနေ့ လူလတ်ပိုင်းအရွယ်အများစုဟာ ကမ္ဘာ့သမိုင်းဘာသာရပ်မှာ ဘော်လကန် အကြောင်းတွေ သင်ခဲ့ရဖူးသလို၊ တီဗွီသတင်းတွေမှာလဲ ဘော်လ်ကန်စစ်သတင်းတွေ အမြဲဆိုသလို ကြားခဲ့ဖူးကြမှာပါ။ အခု ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာ လည်ပါနိုင်ဖို့ VISITA Travel က စီစဥ်ထားပါတယ်။
ခရီးစဥ် တလျောက်မှာ –
🔸စစ်ဒဏ်ခံခဲ့ရတဲ့ နေရာတွေ
🔸ကွန်မြူနစ်လက်ကျန် အဆောက်အဦတွေ
🔸အေးချမ်းတဲ့ တောတောင် သဘာဝ အလှတွေ
🔸သာယာတဲ့ ကမ်းခြေအလှတွေ
🔸ပြောင်းလဲတိုးတက်လာတဲ့ မြို့ပြ့တွေ
🔸လေ့လာ မှတ်ယူစရာ သမိုင်းအမွေအနှစ်တွေ မြောက်များစွာ တွေ့ကြုံရမှာ ဖြစ်ပါတယ်
♦️သွားရောက်လည်ပါတ်မည့် နေရာတွေကို အထူး စီစစ်ရွေးချယ် ထားပါတယ်။
✅ စိတ်ပါဝင်စားသူများ စာရင်းပေးသွင်းနိုင်ပါပြီ၊ သွားမည့် ရက်၊ လူအရေအတွက် အလိုက် ကုန်ကျစားရိတ်များ ပြန်လည်ဖေါ်ပြပေးပါမည်
ℹ️ ဥရောပအခြေစိုက် ခရီးသွားလုပ်ငန်းဖြစ်သည့် VISITA Travel ရဲ့ ဝန်ဆောင်မှုများနှင့် ခရီးစဉ် အသေးစိတ်အတွက် စုံးစမ်းမေးမြန်းနိုင်ပါသည်
👉 ဆက်သွယ်ရန်
Viber: +44 7557 333 525

If you wish to know how to apply for Schengen visa, follow this link for guidance.

Please do not hesitate to contact us for any questions you may have.

Tel.: +44 7557333525 (viber)

Email: [email protected]