The Greece Empire, The Greek Gods and The Greece Islands
✦ ကြီးကျယ်ခန်းနားခဲ့တဲ့ ဂရိစ်အင်ပါယာအစနဲ့
✦ ရာဇဝင်တွေထဲက ဂရိနတ်ဘုရားတွေအကြောင်း စူးစမ်းကြည့်ရင်း
✦ သာယာ ရင်ခုန်ဖွယ် ဂရိစ်ကျွန်းတွေမှာ အနားယူကြမယ်
Athens, Santorini, Zakynthos, Meteora and Olympia (10 days / 9 nights)
ရောက်ရှိမည့် နေရာများ
- အထင်ကရ Acropolis တောင်ကုန်းနှင့် ဂန္တဝင် ရှေးဟောင်းအဆောက်အဦ Parthenon ရှိရာ Greece နိုင်ငံ၏ မြို့တော်တည် Athens
- ကောင်းကင်ပြာ ရေပြင်ပြာ ခေါင်မိုးအပြာ နဲ့အတူ အဖြူရောင်အိမ်တန်းတွေအလှနဲ့ စွဲမက်ရင်ခုန်ဖွယ် Santorini ကျွန်း
- နံမည်ကြီး ကိုရီးယားဇာတ်လမ်းတွဲ The Descendants of the Sun ဇာတ်ဝင်ခန်းထဲက သင်္ဘောပျက်ရှိရာ Zakynthos ကျွန်း
- ဂရိနိုင်ငံ၏ အကြီးဆုံး ရှေးဟောင်းသုတေသန နယ်မြေတခုဖြစ်ပြီး ကြီးမားလှတဲ့ တောင်ကလပ်ပေါ်တွေမှာ ဆောက်ထားတဲ့ ရင်သပ်ရှုမောဖွယ် Orthodox Christian ဘုန်းတော်ကြီးကျောင်းများရှိရာ Meteora
- ဂရိနတ်ဘုရား Zeus အား ရည်စူးကိုးကွယ်ရာ နေရာလည်းဖြစ်ပြီး ရှေးခေတ်မှ ယနေ့ခေတ်အထိ အကျော်ကြားဆုံးနှင့် အရေးပါဆုံး အိုလံပစ် အားကစားပွဲများ၏ မူလ မွေးရပ်မြေဖြစ်သည့် Olympia
- ရာစုနှစ်ပေါင်း ၂၅ရာစု အကြာမှ အောင်မြင်စွာ တူးဖေါက်နိုင်ခဲ့ပြီး၊ ဂရိစ်နိုင်ငံနှင့် မြေထဲပင်လယ်တဝိုက် ကုန်သွယ်မှုအတွက် လွန်စာအရေးပါသည့် Corinth Canal တူးမြောင်းတည်ရှိရာနေရာ
နောက်ထပ် စိတ်ဝင်စားစရာ ထင်ရှားလှပတဲ့ နေရာတွေလည်း ရောက်ပါမယ်
Schengen visa လျှောက်ထားပုံကို ဒီ pageမှာ ကြည့်နိုင်ပါတယ်.
မေးမြန်လိုတာ ရှိပါက Viber +44 7557333525 (သို့) [email protected] မှတဆင့် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်
