Schengen Visa (ရှန်းဂန်ဗီဇာ) လျှောက်ရန် လိုအပ်သောစာရွတ်စာတမ်းများ နှင့် လျှောက်ထားပုံအဆင့်ဆင့်
၁။ ကိုယ်ရေးအချက်အလက်နှင့် သက်ဆိုင်သည့် စာရွတ်စာတမ်းများ (မူရင်းနှင့် နိုထရီပြန်)။
၂။ ခရီးစဥ်နှင့် သက်ဆိုင်သည့် စာရွတ်စာတမ်းများ။
၃။ အင်္ဂလိပ်လို အပြည့်အစုံဖြည့်စွက်ပြီး လက်မှတ်ထိုးထားသည့် ဗီဇာလျှောက်လွှာ။
Schengen visa တစ်ခုတည်းဖြင့် ဥရောပ ၂၉ နိုင်ငံသို့ သွားရောက်နိုင်သည်။
ကိုယ်ရေးအချက်အလက်နှင့် သက်ဆိုင်သည့် စာရွတ်စာတမ်းများ
- Passport (နိုင်ငံကူးလက်မှတ် အနည်းဆုံး သက်တမ်း ၆လ)
- Colour photos x2 (ရောင်စုံဓါတ်ပုံ ၂ ပုံ၊ နောက်ခံအဖြူ၊ ၂လက်မ ပတ်လည်)
- Bank Statement (ဘဏ်စာအုပ် အနည်းဆုံး ၃လစာ ရှင်းတမ်း)
- Proof of Income (အလုပ်အကိုင် (သို့) ဝင်ငွေ အထောက်အထား)
- Properties (အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်မှု အထောက်အထား)
- Household Register (or) Family member lists (အိမ်ထောင်စုဇယား (သို့) သန်းခေါင်စာရင်း)
- National Registration Card (မှတ်ပုံတင်)
- Contact Address (မိမိနေရပ်လိပ်စာ အပြည့်အစုံ)
- Authorisation letter for under 18 year old (၁၈ နှစ်အောက်များအတွက် မိဘ (သို့) အုပ်ထိန်းသူမှ ထောက်ခံစာ)
မှတ်ချက်။ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ရလေ့ရှိသည့် စာရွတ်စာတမ်းများ ဖြစ်သည်။ တစ်ဦးချင်းအလိုက် ဖြည့်စွက်တင်ပြရန် သံရုံးမှ တောင်းဆိုပါက သတ်မှတ်ကာလအတွင်း အချိန်မှီတင်ပြနိုင်ရမည်။ ကွန်ပြူတာဖြင့် လက်ဗွေယူခြင်းကြောင့် လျှောက်ထားသူတိုင်း သံရုံးသို့ ကိုယ်တိုင်လာရောက်ရပါမည်။
ခရီးစဥ်နှင့် သက်ဆိုင်သည့် စာရွတ်စာတမ်းများ
- Return Flight ticket (အသွားအပြန် လေယာဥ်လက်မှတ်)
- Hotel booking confirmation (ဟော်တယ် booking စာရွတ်)
- Transport tickets (ခရီးစဥ်အတွင်း သွားလာမည့် ရထား၊ ကား၊ လေယာဥ် လက်မှတ်များ)
- Invitation letter (1) (ဆွေမျိုး (သို့) မိတ်ဆွေ ထံမှ ခေါ်စာ)
- Invitation letter (2) (အစည်းအဝေး၊ ဘွဲ့ယူ သွားမည့် အထောက်အထားစာရွတ်)
- Travel Insurance (ယူရိုငွေ ၃၀,၀၀၀ ပမာဏအထိ လုံလောက်သည့် ကျန်းမာရေး ခရီးသွား အာမခံ၊ ယုံကြည်စိတ်ချရသော ခရီးသွားအမခံကို ဒီမှာ online မှ ဝယ်ပါ)
ဗီဇာလျှောက်လွှာကို အင်္ဂလိပ်လို အပြည့်အစုံဖြည့်စွက်ပြီး လက်မှတ်ထိုးရမည်။
နိုင်ငံတစ်နိုင်ငံတည်း သွားမည်ဆိုပါက၊ ထိုနိုင်ငံသံရုံးတွင် လျှောက်ရမည်။
နိုင်ငံစုံသွားမည်ဆိုပါက ခရီးစဥ်အတွင်း ကာလအကြာဆုံး နေထိုင်မည့်နိုင်ငံသံရုံးတွင် လျှောက်ရမည်။
သွားမည့်နိုင်ငံတိုင်းတွင် နေထိုင်မည့်ကာလ တူညီနေပါက အဦးဆုံးဝင်ရောက်မည့် နိုင်ငံ (ခရီးအစပြုမည့်နိုင်ငံ) သံရုံးတွင် လျှောက်ရမည်။
သံရုံးအလိုက် ဗီဇာလက်ခံဆောင်ရွတ်ပုံ ကွဲပြားတတ်သည်။ တချို့သံရုံးမှ လွှဲအပ်ထားသော ဗီဇာ agent (ဥပမာ VFS Global) ရှိပါက၊ ထို agent ထံလျှောက်လွှာတင်ရမည်။
လက်ရှိ ဗီဇာကြေးမှာ ယူရိုငွေ ၈၀ ဖြစ်ပြီး၊ ကာလပေါက်စျေးအတိုင်း မြန်မာငွေဖြင့် ပေးသွင်းရမည်။ agent fee ဝန်ဆောင်ခ သီးသန့်ထပ်ပေးရသည်။
ဗီဇာ အငြင်းခံရပါက သံရုံးမှ ဗီဇာကြေးနှင့် agent fee ပေးသွင်းငွေ ပြန်မအမ်းပါ။
ဆောင်ရွတ်ချိန် အနည်းဆုံး ၂ ပါတ်ကျော်အထိ ကြာတတ်သည်။
Please note – stated information are for guidance only and VISITA Travel is not responsible for any legal reason.
ကျေးဇူးပြု၍ သတိပြုပါ – ဖော်ပြထားသော အချက်အလက်များသည် လမ်းညွှန်မှုအတွက်သာဖြစ်ပြီး၊ VISITA Travel သည် မည်သည့်အကြောင်းပြချက် အတွက်မျှ တာဝန်မရှိပါ။
အင်္ဂလန်အလည်သွားမည့်သူများ United Kingdom (UK) visa ဘယ်လိုလျှောက်ရမလဲ ဒီမှာ ဆက်ကြည့်ပါ။
