ရှန်ဂန်ဗီဇာ (Schengen Visa) လျှောက်ရန်အတွက် ယေဘုယျစည်းမျဉ်းများ
မိမိကိုင်ဆောင်သော နိုင်ငံကူးလက်မှတ် အမျိုးအစား ( ရိုးရိုးနိုင်ငံကူးလက်မှတ် ၊ သံတမန်နိုင်ငံကူးလက်မှတ် ၊ အထူးနိုင်ငံကူးလက်မှတ် ) ပေါ်မူတည်ပြီး ဗီဇာစည်းမျဉ်းများ ကွဲပြားသွားပါသည်။ ရှန်ဂန်နိုင်ငံများတွင် မိမိနေထိုင်လိုသော ကာလအပိုင်းအခြားပေါ်မူတည်ပြီး မိမိကိုင်ဆောင်သော နိုင်ငံကူးလက်မှတ်မှာ လုံလောက်သော သက်တမ်း ရှိရပါမည်။
၁) ဗီဇာအမျိုးအစားများ
ဗီဇာအမျိုးအစားမှာ မိမိခရီးစဉ်၏ ရည်ရွယ်ချက် နှင့် သွားလိုသည့်ကာလပေါ်မူတည်၍ ကွဲပြားသွားပါသည်။
ရက်ပေါင်း ၉၀ အောက် (သို့) ၉၀ ရက် အထိ နေမည့် သူများအတွက် ကာလတို ဗီဇာ (ရှန်ဂန်ဗီဇာ) ဖြစ်ပါသည်။
ရက်ပေါင်း ၉၀ အထက်နေမည့်သူများမှာ ကာလရှည် ဗီဇာဖြစ်ပါသည်။ မိမိသွားလိုသည့် ရည်ရွယ်ချက်နှင့် ကာလကြာချိန်ကို ဗီဇာလျောက်သည့်အချိန်တွင် သေချာစွာ ဖေါ်ပြရပါမည်။ ကာလရှည်ဗီဇာ ရရှိသူများအတွက် ပြင်သစ်နိုင်ငံသို့ ရောက်ရှိပါက မိမိ၏ ရည်ရွယ်ချက် နှင့် ဗီဇာ အမျိုးအစားကို ပြောင်းလဲခွင့် မရှိပါ။ ထို့အပြင် အလုပ် လုပ်လိုသည့် ရည်ရွယ်ချက်ရှိပါက အလုပ်လုပ်ရန် ခွင့်ပြုချက် ရပြီးမှ ဗီဇာလျှောက်ရပါမည်။
၂) ကာလတိုဗီဇာ
ရှန်ဂန်ဗီဇာဟုခေါ်သော ကာလတိုဗီဇာ အမျိုးအစားသည် ရှန်ဂန်နိုင်ငံများကို ၆ လ အတွင်း အများဆုံး ရက်ပေါင်း ၉၀ အထိ လွတ်လပ်စွာ သွားလာနိုင်သည်။ ၎င်းဗီဇာသည် တစ်ကြိမ်ဝင်ခွင့် (single entry) ဗီဇာ (သို့) အကြိမ်ကြိမ်ဝင်ခွင့် (multi entry) ဗီဇာဟူ၍ ထုတ်ပေးပါသည်။ ၎င်းဗီဇာ အမျိုးအစားသည် အလည်အပတ်သွားလိုသူများ၊ စီးပွားရေးအတွက်သွားလိုသူများ၊ မိသားစုဆီ အလည်သွားလိုသူများ၊ ရက်တိုသင်တန်းသွားလိုသူများ၊ အလုပ်နှင့် ပတ်သက်ပြီး ရက်တိုသင်တန်းသွားလိုသူများ (ဥပမာ- အနုပညာရှင်များ၊ အားကစားသမားများ၊ လစာရ ယာယီအလုပ် လုပ်သူများ) ဖြစ်ပါသည်။
၃) ရှန်ဂန်နိုင်ငံများ အဝင်တွင်စစ်ဆေးမှုများ
ပြည်ဝင်ခွင့်ဗီဇာရရှိထားသော်လည်း ရှန်ဂန်နိုင်ငံသို့ ဝင်ရောက်ခွင့် ရရှိရန် မလုံလောက်သေးပါ။ ရှန်ဂန်နိုင်ငံများ အဝင်တွင် စစ်ဆေးမှုများ ရှိပါသည်။ ၎င်းစစ်ဆေးမှုသည် ပြည်ဝင်ခွင့်ဗီဇာလိုအပ်သောနိုင်ငံသားများ နှင့် ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ရရှိသော နိုင်ငံသားများ အားလုံး အကျုံးဝင်သည်။
ရှန်ဂန်ဗီဇာတစ်ခုတည်းဖြင့် သွားရောက်နိုင်သော နိုင်ငံ ၂၉ နိုင်ငံမှာ အောက်ပါအတိုင်းဖြစ်သည်။
Austria (သြစတြီးယား)
Belgium (ဘယ်လ်ဂျီယံ)
Bulgaria (ဘူဂေးလ်ရီးယား)
Croatia (ကရိုအေးရှား)
Czech Republic (ချက်သမ္မတနိုင်ငံ)
Denmark (ဒိန်းမတ်)
Estonia (အက်စတိုးနီးယား)
Finland (ဖင်လန်)
France (ပြင်သစ်)
Germany (ဂျာမနီ)
Greece (ဂရိစ်)
Hungary (ဟန်ဂေရီ)
Italy (အီတလီ)
Latvia (လက်ဗီးယား)
Lithuania (လစ်သူယေးနီးယား)
Luxembourg (လူဇင်ဘတ်)
Malta (မော်လ်တာ)
Netherlands (နယ်သာလန်)
Poland (ပိုလန်)
Portugal (ပေါ်တူဂီ)
Romania (ရိုမေးနီးယား)
Slovakia (စလိုဗက်ကီးယား)
Slovenia (စလိုဗေးနီးယား)
Spain (စပိန်)
Sweden (ဆွီဒင်)
Iceland (အိုက်စလန် – ဥရောပသမဂ္ဂ အသင်းဝင်မဟုတ်)
Liechtenstein (လိချ်တန်စတိန်း – ဥရောပသမဂ္ဂ အသင်းဝင်မဟုတ်)
Norway (နော်ဝေ – ဥရောပသမဂ္ဂ အသင်းဝင်မဟုတ်)
Switzerland (ဆွစ်ဇာလန် – ဥရောပသမဂ္ဂ အသင်းဝင်မဟုတ်)
ဗီဇာလျှောက်လွှာစစ်ဆေးသည့်နှုန်းထား
ဗီဇာစစ်ဆေးခ ကို ဗီဇာလျှောက်လွှာတင်သည့်အချိန်တွင် တခါတည်း ပေးသွင်းရပါမည်။
Kyat တမျိုးတည်းသာ လက်ခံသည်။ (ဗီဇာလျှောက်လွှာစစ်ဆေးသည့်နှုန်းထားသည် အတက်အကျရှိနိုင်ပါသည်။)
ရှန်ဂန်ဗီဇာ (ကာလတိုဗီဇာ) : Euro 80
ခလေး ၆ နှစ် မှ ၁၂ နှစ်ထိ : Euro 40
ခလေး ၆ နှစ်အောက် : အခမဲ့
ငြင်းပယ်ခြင်းခံရသော ဗီဇာများအတွက် ဗီဇာစီစစ်ကြေးပြန်မအမ်းပါ။
Source: European Council Council of the European Union
