How to Apply for United Kingdom Visa in Myanmar

United Kingdom Visa ယူကေဗီဇာ (ခေါ်) အင်္ဂလန်ဗီဇာ လျှောက်ရန် လိုအပ်သောစာရွတ်စာတမ်းများနှင့် လျှောက်ထားပုံအဆင့်ဆင့်

၁။ ကိုယ်ရေးအချက်အလက်နှင့် သက်ဆိုင်သည့် စာရွတ်စာတမ်းများ (မူရင်းနှင့် နိုထရီပြန်)။

၂။ ဗီဇာလျှောက်လွှာကို အင်္ဂလန်အစိုးရရဲ့ website မှာ အွန်လိုင်းကနေ ဖြည့်ရမည်။

UK visa တစ်ခုတည်းဖြင့် England, Scotland, Wales နှင့် Northern Ireland ၄ နိုင်ငံသို့ သွားရောက်နိုင်သည်။ (“အိုင်ယာလန်” ဟု ခေါ်လေ့ရှိသည့် Republic of Ireland အတွက် Ireland visa သီးခြား ယူရပါမည်)


ကိုယ်ရေးအချက်အလက်နှင့် သက်ဆိုင်သည့် စာရွတ်စာတမ်းများ

  • Passport  (နိုင်ငံကူးလက်မှတ် အနည်းဆုံး သက်တမ်း ၆လ)
  • Colour photos x2 (ရောင်စုံဓါတ်ပုံ ၂ ပုံ၊ နောက်ခံအဖြူ၊ 35mm x 45mm အရွယ်အစား)
  • National Registration Card (မှတ်ပုံတင်)
  • Household Register (or) Family member lists (အိမ်ထောင်စုဇယား (သို့) သန်းခေါင်စာရင်း)
  • Contact Address (မိမိနေရပ်လိပ်စာ အပြည့်အစုံ)
  • Bank Statement (ဘဏ်စာအုပ် အနည်းဆုံး ၃လစာ ရှင်းတမ်း)
  • Proof of Earnings (ဝင်ငွေ အထောက်အထား)
  • Details of Employment (အလုပ်အကိုင် အထောက်အထား)
  • Properties (အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်မှု အထောက်အထား)
  • Family details (အဖိုးအဖွား၊ သားသမီး နှင့် ဇနီးခင်ပွန်း တို့၏ မွေးနေ့၊ နေရပ်၊ အလုပ်အကိုင် စသည်များ)
  • 10 Years travel history (၁၀နှစ်အတွင်း ခရီးသွားရာဇဝင်)
  • Return Flight ticket (အသွားအပြန် လေယာဥ် booking စာရွတ်၊ လက်မှတ်ဖြတ်ရန်မလို)
  • Address to Stay (တည်းခိုမည့်နေရာ (သို့) ဟော်တယ်လိပ်စာ)

UK တွင် နေထိုင်သော ဆွေမျိုး၊ မိတ်ဆွေ တစ်ဦးဦးနှင့် ဆက်နွယ်သွားရောက်မည်ဆိုပါက၊ ထိုသူနှင့်သက်ဆိုင်သည့်

  • Invitation Letter (ခေါ်စာ)
  • Pay/Tax Slip (ဝင်ငွေ (သို့) အခွန်အထောက်အထား)
  • Passport (နိုင်ငံကူးလက်မှတ်)
  • Immigration Status (နေထိုင်ခွင့် အထောက်အထား)
  • Bank Statement (ဘဏ်စာရင်း)
  • Properties (ပိုင်ဆိုင်မှု (သို့) နေထိုင်မှု အထောက်အထား)
  • Proof of Address (နေရပ်လိပ်စာ အထောက်အထား)
  • Travel Insurance (လျှောက်လွှာနှင့်တင်ရမည့်အထဲမပါပေမယ့် တွဲတင်လည်းရသည်၊ ယနေ့ခေတ်တွင့် ခရီးသွားသူတိုင်း ရှိထားသင့်သော ခရီးသွားအာမခံ။ စစ်မှန်သည့် ခရီးသွားအာမခံကို ဒီမှာ online မှ ဝယ်ပါ)

မှတ်ချက်။ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ရလေ့ရှိသည့် အခြေခံ စာရွတ်စာတမ်းနှင့် အချက်အလက်များ ဖြစ်သည်။ တစ်ဦးချင်း အနေအထားအရ လိုအပ်သည့် စာရွတ်စာတမ်းနှင့် အချက်အလက်များ ကွာခြားမှုရှိတတ်သည်။


အင်္ဂလိပ်လို အပြည့်အစုံဖြည့်စွက်ထားသည့် လျှောက်လွှာကို print ထုတ်၊ လက်မှတ်ထိုးရမည်။

ဗီဇာကြေးသွင်းရမည်။ ရိုးရိုး ၆လ အလည်ဗီဇာကြေး ပေါင်စတာလင်ငွေနဲ့ ၁၀၀ (£100)။ ‌agent ဝန်ဆောင်ခ (ဥပမာ VFS Global) သီးသန့်ထပ်ပေးရသည်။

သတ်မှတ်ထားသည့် စင်တာတွင် လျှောက်လွှာတင်ရန် ရက်ချိန်းယူရမည်။

ရက်ချိန်းနေ့တွင် ပူးတွဲတင်ရမည့် စာရွတ်စာတမ်းများနှင့်အတူ လက်မှတ်ထိုးထားသည့် ဗီဇာလျှောက်လွှာကို  ကိုယ်တိုင်သွားရောက်တင်ရပါမည်၊ ကွန်ပြူတာဖြင့် လျှောက်ထားသူတိုင်းရဲ့ လက်ဗွေယူသည်။

လျှောက်လွှာကို အဆုံးအဖြတ်ချပြီးပါက passport လာထုတ်ယူရန် အကြောင်းကြားစာ ဖုန်း/အီးမေးလ်ထဲ ရောက်လာတတ်သည်။

ဗီဇာအငြင်းခံရပါက ပေးသွင်းထားသည့် ဗီဇာကြေးနှင့် agent fee ဝန်ဆောင်ခ ပြန်မအမ်းပါ။

လျှောက်လွှာစီစစ်ချိန် အနည်းဆုံး ၄ ပါတ်ကျော်မှ ၁၀ ပါတ်ကျော်အထိ ကြာတတ်သည်။ ခရီးထွက်မည့်ရက် မတိုင်ခင် ၃လ ကြိုတင်လျှောက်ထား နိုင်သည်။


Please note – stated information are for guidance only and VISITA Travel is not responsible for any legal reason.

ကျေးဇူးပြု၍ သတိပြုပါ – ဖော်ပြထားသော အချက်အလက်များသည် လမ်းညွှန်မှုအတွက်သာဖြစ်ပြီး၊ VISITA Travel သည် မည်သည့်အကြောင်းပြချက်အတွက်မျှ တာဝန်မရှိပါ။

ဥရောပ ၂၆ နိုင်ငံ လည်ပါတ်လို့ရသည့် Schengen visa ဘယ်လိုလျှောက်ရမလဲ ဒီမှာ ဆက်ကြည့်ပါ